။ မြန်မာ့ရွာသစ် ။

။ မွေးဖွားလာကြလို့ ဘယ်သူက အတတ်ပညာနဲ့အပြီးပါလာကြလို့ပါလဲ။ ဘာမှ ပါမလာကြပါဘူး။ သူသူငါငါအားလုံးပညာကိုသင်ယူကြရတာပါပဲ။ ပညာတတ်ချင်တဲ့သူက ဆရာကောင်းဆရာမြတ်တွေထံဆည်းကပ်ကြလို့ပညာသင်ယူကြရတာပါပဲ။ ။ မွေးဖွားလာကြလို့ ဘယ်သူက အတတ်ပညာနဲ့အပြီးပါလာကြလို့ပါလဲ။ ဘာမှ ပါမလာကြပါဘူး။ သူသူငါငါအားလုံးပညာကိုသင်ယူကြရတာပါပဲ။ ပညာတတ်ချင်တဲ့သူက ဆရာကောင်းဆရာမြတ်တွေထံဆည်းကပ်ကြလို့ပညာသင်ယူကြရတာပါပဲ။ ။ ပညာဆိုတာလည်း လောကီအတွက်ရပ်တည်နိုင်မယ့်ပညာ၊လောကုတ္တရာအတွက်အထောက်အပံ့ပြုနိုင်မယ့်ပညာတွေပါ။ လောကီအတွက်လောကီအတတ်ပညာမတတ်ရင် ထင်သလိုမအောင်တတ်ပါဘူး။ လောကုတ္တရာပညာလည်း အတူတူပါပဲ။ ။ ဒီခေတ်ကြီးမှာ လောကီပညာရပ်တွေဆိုတာလည်း သာမန်နားလည်တတ်ရုံလေးနဲ့ ပညာတတ်သူလို့မဆိုနိုင်ကြပါဘူး။ အဲဒီလိုပါပဲ လောကုတ္တရာအတတ်ပညာလည်း တကယ်မသင်ကြားနိုင်ရင်လည်း တတ်သိနားလည်မှာမဟုတ်ကြပါဘူး။ ။ ယနေ့ခေတ်ကာလမှာ ဝိဇ္ဇာအတတ်၊ သိပ္ပံအတတ်ပညာတွေ အမျိုးမျိုးတတ်လာကြတာကြောင့် အတတ်နဲ့မတတ်ကြတဲ့သူတွေ မရှိသလောက်ပါပဲ။ အတတ်ပညာရပ်ကြောင့် ကမ္ဘာကြီးဟာ ကမ္ဘာရွာငယ်လေးတစ်ရွာလိုဖြစ်လာကြတော့ အံဩစရာကြီးလိုလည်း မဖြစ်ကြတော့ တန်ဖိုးခြင်းတွေ ပိုပိုပြီးနည်းလာနေသလားပါပဲ။ ။ ပညာကိုအလေးအနက်တန်ဖိုးမထားကြသလို လူလူချင်းတွေမှာလည်းရိုသေလေးစားတန်ဖိုးထားမှုတွေနည်းပါးလာကြနေပြီလားတောင် တွေးမိပါလေရဲ့။ တစ်ခါတစ်လေ မြင်လိုက်ရတဲ့အဖြစ်တွေဟာလည်း အဆန်းတကြယ်ပါပဲ။ … Continue reading ။ မြန်မာ့ရွာသစ် ။